သော်ညိမ်း Wednesday, April 07, 2010
.လျှပ်စစ်မီတာထိန်းသိမ်းစောင့်ရှောက်ခနှင့်ဒဏ်ကြေးငွေများကိုတဆထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
“မီတာထိန်းသိမ်းခတွေတက်တယ်ပေါ့၊ဘာကြောင့်တက်တာလဲမေးတော့မီတာရုံးဝန်ထမ်းကသူတို့လည်း ဂဃဏနမသိဘူး၊မီတာခသာပုံမှန်ဆောင်နေရတာ၊မီးပုံမှန်မလာဘူး”ဟု ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်မှ ဒေသခံတဦးကဆိုသည်။
မီတာထိန်းသိမ်းစောင့်ရှောက်ခကိုကျပ်၅၀၀မှ၁၀၀၀၊ဒဏ်ကြေးငွေများကိုတလလျှင်ကျပ်၁၀၀၀ မှ၂၀၀၀ သို့ လည်းကောင်း၊နှစ်လလျှင်ကျပ်၂၀၀၀မှ၃၀၀၀သို့လည်းကောင်း၊သုံးလလျှင်ကျပ်၃၀၀၀မှ၅၀၀၀သို့ လည်းကောင်း တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
“ဦးပဉ္ဇင်းတို့ကျောင်းလည်းမီတာခတိုးဆောင်ခဲ့ရတယ်လို့ကျောင်းဂေါပကအဖွဲ့ကပြောတယ်၊ဦးပဉ္ဇင်းတို့ စာသင်တိုက်ဆိုတလကိုမီတာခသောင်းချီဆောင်ရပါတယ်”ဟုရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သံဃာတပါးက မိန့်ကြား သည်။
ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှတာဝန်ရှိသူတဦးကလျှပ်စစ်မီတာထိန်းသိမ်းခသာ တိုးမြှင့်ကောက်ခံခြင်းဖြစ်ပြီးမီတာသုံးစွဲခတိုးမြှင့်ခြင်းမဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
မီတာအသစ်လျှောက်ထားရာ၌လည်းယခင်ကငွေသွင်းရာတွင်မီတာတလုံးလျှင်၅၆၀၀၀ကျပ် ပေးသွင်းနေရာမှယခုအခါကျပ်၇၀၀၀၀ပေးသွင်းရမည်ဖြစ်ကြောင်းလည်းအဆိုပါတာဝန်ရှိသူက ပြောကြားသည်။
ယခုကဲ့သို့ မီတာ ထိန်းသိမ်းစောင့်ရှောက်ခ တိုးမြှင့် ကောက်ခံခြင်းအပေါ် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
ပဲခူးမြို့ခံတဦးက“ဒီနေ့ရုံးသွားတော့မီတာခက၃၀၀၀ကျော်ကျနေတယ်ဗျာ၊အရင်၂၀၀၀ကျော်ပဲကျခဲ့တာ၊ ဒါနဲ့မေးကြည့်တော့မီတာထိန်းသိမ်းခတက်တာပါတဲ့၊မီးကမလာ၏မီတာခကတက်၊ကုန်ဈေးနှုန်းကတက်နဲ့ ကျနော်တို့တော့ အခက်ပါပဲ” ဟု ဆိုသည်။
ရန်ကုန်မြို့ခံ တဦးကလည်း“မီးကျတော့ မှန်မှန်မလာဘူး၊ မီတာသွားဆောင်ရင်လည်း ထိန်းသိမ်းခဆိုပြီး ယူတယ်၊ ဒဏ်ကြေး လည်း အရင်ထက် တိုးမယ်လို့ ကြေညာထားတာ တွေ့တယ်”ဟု ပြောပြသည်။
ပုဂ္ဂလိကသို့လွှဲပြောင်းပြီးလျှင်လည်းမီတာခများထပ်မံတိုးမြှင့်မည်ဆိုသောသတင်းများလည်းလွန်ခဲ့သော လများကတည်းကထွက်ပေါ်နေခဲ့သည်။
ရန်ကုန်မှအင်တာနက်ဆိုင်ပိုင်ရှင်တဦးကမူ“မီတာခထပ်တက်မယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရတယ်ဗျာ၊သူတို့ကပုဂ္ဂလိကလွှဲပြောင်းပေးမယ်လို့ကြားတယ်၊လွှဲပြောင်းပေးလိုက်ရင်တော့ သေချာပေါက်ထပ်တက်လာမှာပဲဗျ၊ကျနော်တို့ဆိုင်တွေကတော့မီးလာလည်းမီတာခကတက်၊ မီးစက်မောင်းလည်း ဆီဈေးက တက်ဆိုတော့ အသုံးပြုခအပေါ် ထပ်တင်ရုံပဲ ရှိတာပေါ့”ဟု ဆိုသည်။
လျှပ်စစ်ဝန်ကြီးဌာနက၂၀၀၆ ခုနှစ်မေလကတည်းကမီတာခများတိုးမြှင့်ကောက်ခံခဲ့ရာအိမ်သုံးမီတာ တယူနစ်လျှင်၂၅ကျပ်၊လုပ်ငန်းသုံးမီတာများတယူနစ်လျှင်၅၀ကျပ်နှင့်အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်လျှင်လည်း တယူနစ်လျှင် ၅၀ ကျပ် ကောက်ခံလျက်ရှိသည်။
ဧရာဝတီ သတင်းထောက် မင်းနိုင်သူ ပူးပေါင်း ရေးသားသည်။
Geen opmerkingen:
Een reactie posten