မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 5 april 2010

နယ်ခြားစောင့်တပ်ဖွဲ့ရန် နောက်ဆုံးရက် သတ်မှတ်ထား

ပေါက်ပေါက်/ ၅ ဧပြီ ၂ဝ၁ဝ
လာမည့်ဧပြီ(၂၈)ရက် နောက်ဆုံးထားပြီးနယ်ခြားစောင့်တပ်အသွင်ပြောင်းရန်ကေအိုင်အိုအဖွဲ့အား နအဖက ရက်သတ်မှတ်လိုက်သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)မှဒု-ဥက္ကဋ္ဌဗိုလ်ချုပ်ဂေါ်ရီဇော်ဆိုင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်(စရဖ)ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်တို့ယမန်နေ့က မြစ်ကြီးနားမြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံခဲ့ပြီး ယင်းသို့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ကေအိုင်အိုနှင့်နီးစပ်သူတဦးက“ဒီလ(၂၈)ရက်ကိုနောက်ဆုံးရက်သတ်မှတ်လိုက်တယ်။ လက်မခံဘူးဆိုရင်တော့ဆက်ဆံရေးရုံးတွေဖွင့်ထားတာ ပြန်ရုပ်သိမ်းပေးရမယ်။လက်ခံတယ်၊ လက်မခံဘူးဆိုတာဘဲပြတ်ပြတ်သားသားပြောဖို့ဖိအားထပ်ပေးတာပေါ့။အမှန်ကတော့ကေအိုင်အိုက စာနဲ့လည်းဗိုလ်ချုပ်မှူးကြီးကိုတင်ပြပြီးပြီ။ကေအိုင်အိုသဘောထားကတော့သူတို့ပြောတဲ့ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်ဘူး” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့ကနယ်ခြားစောင့်တပ်အစားကချင်ဒေသကာကွယ်ရေးတပ်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုတပ်မတော်အတွင်းရှိကချင်တပ်မတော်အဖြစ်လည်းကောင်းဖွဲ့ပေးရန် တောင်းဆိုထားသကဲ့သို့ ပင်လုံသဘောတူညီချက်ပါတန်းတူရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိပါကလက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်မည်ဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကေအိုင်အိုကယမန်နှစ်ကစာရေးသား တင်ပြခဲ့ပြီးဖြစ်သော်လည်း နအဖဘက်က လက်ခံခြင်းမရှိခဲ့ပေ။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄)အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်မိုင်းလားတပ်ဖွဲ့တို့အားဧပြီ(၂၈)ရက်နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မကြာသေးမီရက်ပိုင်းက စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကသွားရောက်ပြောဆိုပြီးနောက်ကေအိုင်အိုအဖွဲ့နှင့် ယခုကဲ့သို့ထပ်မံတွေ့ဆုံ ပြောဆိုခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့်တပ်ပြောင်းရန်ယခုကဲ့သို့နောက်ဆုံးရက်သတ်မှတ်ဖိအားပေးမှုများရှိနေသော်လည်း စစ်ရေးအရတိုက်ခိုက်သည်အထိနအဖဘက်ကအလွယ်တကူဆုံးဖြတ်လုပ်ကိုင်ရန်မရှိနိုင်ကြောင်းတရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “စစ်တိုက်တာကတော့ တိုက်လို့တော့ ရတာပေါ့။ လွယ်လွယ်ကူကူနဲ့ စစ်ပွဲက မပြီးသွားနိုင်ဘူး။ ဝတို့၊ ကေအိုင်အိုတို့လိုအဖွဲ့တွေကိုအချိန်တိုအတွင်းသွားတိုက်လို့မှမရတာ။ပြီးတော့တဖွဲ့တည်းကိုပဲ တိုက်လို့မရဘူး။ နောက်ပြီး ပြည်တွင်းက နိုင်ငံရေးကိစ္စတွေကလည်း ရှိသေးတယ်” ဟု ပြောသည်။





Geen opmerkingen: