မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 8 april 2010

သိန်းပေါင်းများစွာတန်ဖိုးရှိ မှောင်ခိုပစ္စည်းများ စစ်ကားတန်းများတွင် ဖမ်းမိ

ခိုင်လင်း/ ၈ ဧပြီ ၂ဝ၁ဝ
ပြီးခဲ့သည့် မတ်လအတွင်း တရုတ်ပြည်ဘက်မှ တင်သွင်းလာသည့် စစ်ကားများပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိသဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် တပ်ထိန်းအဖွဲ့က သိမ်းဆည်းခဲ့သည်။
တရုတ်-မြန်မာနယ်စပ်မူဆယ်မြို့မှလားရှိုးမြို့သို့မောင်းယူလာသည့်စစ်ထရပ်ကား(၁ဝဝ)ခန့်အား လားရှိုးမြို့အဝင်အေးရှားဝေါလ်တိုးဂိတ်၌တပ်ထိန်းအဖွဲ့ကရှောင်တခင်စစ်ဆေးခဲ့ရာသိန်း(၂ဝ,ဝဝဝ) ကျော် တန်ဖိုးရှိတရုတ်ကုန်ပစ္စည်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်နှင့်နီးစပ်သည့်လားရှိုးဒေသခံက ပြောသည်။
၎င်းက“အဲဒီကားတွေကိုဗိုလ်မှူးတယောက်ကတာဝန်ခံပြီးသယ်ယူနေတာ။အခုသယ်တဲ့ကားကကားအစီး(၄ဝဝ)ရှိတယ်။ကားသမားအားလုံးကလည်းထောက်ပို့တပ်ကတွေချည်းပဲ။အသုတ်လိုက်ခွဲပြီးမူဆယ်ကနေ သယ်နေတာ။ကားတွေသယ်ရင်းနဲ့ကုန်သည်တွေဆီကကယ်ရီပစ္စည်းလက်ခံခဲ့တာ။အဲဒီလိုဖမ်းမိတော့ ကားတွေတော့ဆက်ပြီးထွက်သွားရတယ်။ကုန်ပစ္စည်းတွေအားလုံးလားရှိုးမှာချထားခဲ့ရတယ်။ တာဝန်ရှိသူတွေကိုအရေးယူဖို့ရှိတယ်လို့တော့ပြောတယ်”ဟုရှင်းပြသည်။
အဆိုပါစစ်ကားပေါ်မှသိမ်းဆည်းရရှိသည့်ကုန်ပစ္စည်းများတွင်တရုတ်လုပ်လူသုံးကုန်ပစ္စည်း၊လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းစသည့်ပစ္စည်းမျိုးစုံပါဝင်ပြီးကယ်ရီခယူကာသယ်လာသဖြင့်ကုန်သည်များက အပ်နှံခဲ့ကြကြောင်းတရုတ်မြန်မာနယ်စပ်ကုန်သည်တဦးကပြောသည်။
၎င်းက“အဲဒီကားတွေကိုတရုတ်ပြည်၊ကျယ်ဂေါင်ကနေယူလာပြီးမူဆယ်လေယာဉ်ကွင်းမှာခဏထားတာ။ အဲဒီတုန်းကစစ်သားတွေပစ္စည်းလိုက်ရှာတာခြေချင်းလိမ်နေတာပဲ။ကယ်ရီခကပုံမှန်(၁)သိန်းကျမယ့်ဟာ(၂) သောင်း၊ (၃)သောင်းလောက်နဲ့သယ်ပေးနေတာဆိုတော့ကုန်သည်တွေလည်းတွက်ခြေကိုက်တယ်ဆိုပြီး အပ်ကြတယ်။ကျနော်ကတော့သူတို့နဲ့မပတ်သက်ချင်တာနဲ့မလုပ်လိုက်ဘူး။ဒီကကုန်သည် တော်တော်များများရဲ့ပစ္စည်းတွေပါနိုင်တယ်။အဲလိုကိစ္စကျတော့လူသိခံလို့မဖြစ်တော့ကိုယ်မပါသလို နေကြတယ်”ဟုပြောသည်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအား ပုံမှန်ကုန်သွယ်ရေးဖြစ်စေရန် ဆောင်ရွက်နေချိန်တွင်လာဘ်ပေး၊ လာဘ်ယူမှုအားနှိမ်နင်းပြီးမှောင်ခိုကုန်သွယ်မှုကိုတိုက်ဖျက်သွားရေးအတွက်နအဖက ကြွေးကြော်နေသော်လည်းမှောင်ခိုကုန်သွယ်မှုမှာယနေ့အချိန်အထိဆက်လက်ရှိနေဆဲဖြစ်သည်။





Geen opmerkingen: